ရေစကြိုနဲ့ မြိုင်မြို့နယ်ကြားမှာ CDM ၀န်ထမ်း ၃ ဦးအပါအ၀င် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ စစ်ကောင်စီစစ်ကြောင်းအတွင်း သတ်ဖြတ်ခံခဲ့ရ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Un pódcast de BBC Burmese Radio
ရေစကြိုနဲ့ မြိုင်မြို့နယ်ကြားမှာ CDM ၀န်ထမ်း ၃ ဦးအပါအ၀င် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ရင်ဆိုင်တွေ့စဉ်အတွင်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်တွေပြော၊ ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေကြသူ အနည်းဆုံးအယောက် ၃၀ကျော် နှစ်ရက်အတွင်း ဖမ်းဆီးခံခဲ့ရ၊ မြန်မာအုပ်ချုပ်သူတွေရဲ့ ဆယ်စုနှစ်တစ်ခုကြာ ခွဲခြား ပိတ်လှောင် ထိန်းသိမ်း ခံထားရတဲ့ ရိုဟင်ဂျာနဲ့ ကမန် မွတ်ဆလင် အရေအတွက်ဟာ ရခိုင်ပြည်နယ်ထဲမှာ အနည်းဆုံး တစ်သိန်း သုံးသောင်း ငါးထောင်ကျော် ရှိနေတယ်လို့ Human Rights Watch ထုတ်ပြန်၊ စစ်တွေမြို့နယ်အတွင်း ကျေးရွာတချို့မှာ ဆရာ၊ ဆရာမမရှိတာကြောင့် ကမန်လူမျိုး အထက်တန်းကျောင်းသူ ကျောင်းသား ၅၀ နီးပါးလောက် စာသင်ခွင့်မရ ဖြစ်နေ၊ Brexit သဘောတူချက်ထဲက မြောက်ပိုင်းအိုင်ယာလန်ဆိုင်ရာ အချက်အလက်တွေကို ဗြိတိန်အစိုးရက တစ်ဘက်သတ် ပြင်ဆင်ဖို့ စီစဉ်နေတာအပေါ် အီးယူက တရားစွဲဖို့ရှိ
