ဗစ်ကီဘိုမင်နဲ့ခင်ပွန်းကို စက်တင်ဘာ ၆ ရက် ရုံးထုတ်ဖို့ စီစဥ်

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Un pódcast de BBC Burmese Radio

Podcast artwork

ဗစ်ကီဘိုမင်နဲ့ခင်ပွန်းကို စက်တင်ဘာ ၆ ရက် ရုံးထုတ်ဖို့ စီစဥ် သောကြာမနက်ခင်းသတင်း (၂၆.၀၈.၂၀၂၂) - ဗြိတိန်သံအမတ်ဟောင်းနဲ့ မြန်မာလူမျိုး ခင်ပွန်း ဖြစ်သူ ပန်းချီဆရာတို့ကို စစ်ကောင်စီ ဖမ်းဆီးပြီး စက်တင်ဘာ ၆ ရက် ရုံးထုတ်ဖို့ စီစဥ်ထား - ပုလဲနယ်တွင်း ဇူလိုင် ၁၁ ရက်နေ့တုန်းက ဒေသတွင်း ရွာတွေက သူတွေ ၁၈ ဦး တစ်နေ့တည်း သတ်ဖြတ်ခံခဲ့ရ - PDF တွေ ပစ်မှတ်ထားပြီး မန္တလေး မြို့ပေါ် အစစ်ဆေးကြမ်းနေ - တစ်သောင်းတန် ငွေစက္ကူ အတုနဲ့ မမိစေဖို့ ဘယ်လို ကာကွယ်မလဲ - ကြွက်သန္ဓေသားကို မိခင်မျိုးဥ၊ ဖခင်သုတ်ပိုး၊ ကြီးထွားရာ သားအိမ် ဘာတစ်ခုမှ မပါပဲ ဓာတ်ခွဲခန်းသက်သက် ဗြိတိန်နဲ့ အမေရိကန် သိပ္ပံပညာရှင်တွေ အောင်အောင်မြင်မြင် ဖန်တီး - တရုတ်နိုင်ငံ တောင်ပိုင်းမှာ မိုးခေါင်ပြီး အပူလှိုင်းတွေ ဆက်တိုက်ကျနေလို့ လာမယ့် ဆောင်းဦးပေါက် ကောက်သိမ်းချိန် အန္တရာယ်များနိုင်တယ်လို့ အာဏာပိုင်တွေ စိုးရိမ်၊ သီးနှံတွေ မပျက်စီးရအောင် ဘေးပတ်ဝန်းကျင်နယ်တွေက ရေတွေကို သွင်းပေး၊ မြစ်ရေတွေ စံချိန်တင် နိမ့်သွားလို့ ရေအားလျှပ်စစ် စက်ရုံတွေ ရပ်ထားရ ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site